Wednesday, July 20, 2016

In Love with You

  I

O what a physical effect it has on me
To dive forever into the light blue sea
Of your acquaintance! Ah, but dearest friends,
Like forms, are finished, as life has ends! Still,
It is beautiful, when October
Is over, and February is over,
To sit in the starch of my shirt, and to dream of your sweet
Ways! As if the world were a taxi, you enter it, then
Reply (to no one), “Let’s go five or six blocks.”
Isn’t the blue stream that runs past you a translation from the Russian?
Aren’t my eyes bigger than love?
Isn’t this history, and aren’t we a couple of ruins?
Is Carthage Pompeii? is the pillow the bed? is the sun
What glues our heads together? O midnight! O midnight!
Is love what we are,
Or has happiness come to me in a private car
That’s so very small I’m amazed to see it there?


                                           2

We walk through the park in the sun, and you say, “There’s a spider
Of shadow touching the bench, when morning’s begun.” I love you.
I love you fame I love you raining sun I love you cigarettes I love you love
I love you daggers I love smiles daggers and symbolism.


                                           3

Inside the symposium of your sweetest look’s
Sunflower awning by the nurse-faced chrysanthemums childhood
Again represents a summer spent sticking knives into porcelain raspberries, when China’s
Still a country! Oh, King Edward abdicated years later, that’s
Exactly when. If you were seventy thousand years old, and I were a pill,
I know I could cure your headache, like playing baseball in drinking-water, as baskets
Of towels sweetly touch the bathroom floor! O benches of nothing
Appear and reappear—electricity! I’d love to be how
You are, as if
The world were new, and the selves were blue
Which we don
Until it’s dawn,
Until evening puts on
The gray hooded selves and the light brown selves of . . .
Water! your tear-colored nail polish
Kisses me! and the lumberyard seems new
As a calm
On the sea, where, like pigeons,
I feel so mutated, sad, so breezed, so revivified, and still so unabdicated—
Not like an edge of land coming over the sea!

- Kenneth Koch
ဇြမ္ဘီ (မောင်ဒေး)

ညဘက် မင်းရဲ့အဆောင်ရှေ့လာပြီး “တစပြင်ဟာ
ငါ့ရဲ့အချစ်နဲ့ မီးလောင်နေတယ်” သီချင်းကိုဆိုတာ
ရာဇဝင်ထဲက နူနာစွဲနေတဲ့ငနဲပေါ့။ တစပြင်ကို
ကျော်ရင်တော့ ငါးသားလေးတွေ၊ ငါးအမေကြီးတွေ
ရေကူးနေတဲ့ ငါးပြတိုက်ကိုရောက်တယ်။


လူတိုင်း ကိုယ်ချစ်ရတဲ့သူနဲ့ နီးချင်တာကြီးပဲ။
ဒါပေမယ့် ကွတ်ကီးနဲ့ဘီစကွတ်၊ အိမ်မွေးတိရစ္ဆာန်
နဲ့လူ၊ လူနဲ့ဇွမ်ဘီကို ခွဲခြားတတ်သူကတော့ ရှားပါ
တယ်။ အဲသလိုလူတွေရဲ့လက်ထဲ အနာဂတ်ဆိုတဲ့
အရာကို ဘယ်လိုယုံကြည်ပြီး ထည့်ပေးရမလဲ။

လူသေတွေ ပြန်ထလာတဲ့ကိစ္စကတော့
အဆန်းမဟုတ်ပါဘူး။ တစ်နေ့ကျ ဘုရားသခင်ရဲ့
နိုင်ငံတော်ကိုဝင်ခွင့်ရမှာလည်း ဇွမ်ဘီတွေပဲလေ။
အဲဒီကျရင် စကားလည်းပြောစရာ သိပ်မလိုဘူး။
မေးလာရင်ဖြေရမှာက Yes or Noပဲ။ မေးခွန်း

ကလည်းအောက်ထားပြီးသား။ အောက်သားတွေ
မဖြေရဘူး၊ မြေလတ်သားတွေပဲ ဖြေရမယ်
ဘာညာလည်းမရှိဘူး။ ဒီနေရာကနေ အောက်ကို
ဆက်ဆင်းသွားရင် ဘတ်စ်ကားမျိုးစုံဆိုက်တဲ့
နေရာကိုရောက်တယ်။ အရွယ်ရောက်သူဆိုတာ

သွားရမယ့်နေရာတစ်ခု အမြဲရှိနေရမယ်မဟုတ်လား။
ဇွမ်ဘီတွေရဲ့ခေတ်မတိုင်မီ လွန်ခဲ့တဲ့နွေရာသီပေါင်း
များစွာတုန်းကတော့ လူနဲ့တိရစ္ဆာန်ဟာ နယ်မြေ
လုဖက်တွေပဲ။ မင်းအခုရောက်နေတာကလည်း
လူတွေဝင်လို့မရတဲ့ ကန့်သတ်နယ်မြေတစ်ခုပါ။

ညဘက် မင်းရဲ့အဆောင်ရှေ့လာပြီး သီချင်းဆိုတာ
ဇွမ်ဘီပေါ့။
မောင်ဒေး
၂၂ ဒီဇင်ဘာ ၂ဝ၁၃

Nov 27, 2014


ဆောင်းကို ကိုယ်တို့ ရ ခဲ့တယ်။
စောစောက အတူ နားထောင်နေခဲ့တဲ့ "Starry Starry Night " သီချင်း။ အခု အဆောက်အအုံကြီးတွေ ၊ လူအနည်းအကျဉ်း ရှိနေတဲ့ ပလက်ဖောင်းပေါ်က ဆိုင်လေးတွေနဲ့ ကားလမ်းမပေါ် ပျံသန်းရိုက်ခတ်ထိမှန်ပြီး ကိုယ်တို့ဆီ လက်တံတွေ ပြန်လည်ဆန့်တန်းလာတဲ့ ဗန်ဂိုးရဲ့ အဝါရောင်တွေ။
ဆူးလေမှာ ရောက်နေတယ်။ ပိတ်ထားတဲ့ မဟာဗန္ဓုလပန်းခြံရဲ့ ဖွင့်ထားသေးတဲ့ ရေပန်းနားမှာ ရောက်နေတယ်။ ဘာသာစကားနဲ့ ဖော်ပြဖို့ (အနည်းဆုံး ကိုယ့်အတွက်) အခက်အခဲ အများကြီး ရှိတဲ့ သာယာနာကျင်တဲ့ ခံစားချက် အမှတ်တစ်ခုမှာ ရောက်နေတယ်။ စကိတ်ကို ကျွမ်းကျွမ်းကျင်ကျင်စီးနေတဲ့ လူငယ်တစ်ချို့။ ဟိုးဘက်ဆိုရင် ... မီးရောင်တွေ အစား အမှောင်ကို မြင်ရတယ်။
တွဲထားတဲ့ လက်တွေကြားမှာ ... ဘာမှ မရှိဘူး... ဆိုပေမယ့် ဒီအချိန်ကို ပြန် တ သ မိနေမယ်ဆိုတဲ့ အနာဂတ်ရောက် ကြိုကြိုတင်တင် အလွမ်းတွေ ရှိမယ်။ ပြောပြမယ်။ ဆရာအောင်ချိမ့် ရဲ့ "ပြိုင်တူ ကတုန်ကယင် ဖြစ်ရတဲ့ အသက်အရွယ် " ဆိုတဲ့ အသုံးနှုန်းကို နားလည် မိပြီ လို့ ယုံကြည်တဲ့ အသိအကြောင်း။ မူရင်းသီချင်း ၊ Santana ရဲ့ Smooth ထက် မောင်မောင်ဇော်လတ်ရေးပြီး မျိုးကြီး ဆိုတဲ့ "အိပ်ဖန်စောင့်" သီချင်းကို ပို ကြိုက်မိတဲ့ အကြောင်း။
ဧမာနွေလ ဘုရားကျောင်းက ဓမ္မတေးသံကို အဝင်ဝနားမှာ တိုင်ပင်မထားဘဲ ရပ်နားထောင်မိကြပြန်တယ်။ အတူ။ မျက်လုံးကို မှိတ်ပြီး ရှိုက်သွင်းလိုက်တဲ့ အခါ အေးမြလတ်ဆတ်တဲ့ အနိမ့်အမြင့် ဂီတတွေ။ မျက်လုံး ပြန်ဖွင့်လို့ ရှေ့တည့်တည့်ကို စိုက်ကြည့်မိရုံနဲ့ တစ်ထပ်တည်း ချိုလွင်နေတဲ့ အပြုံးရိပ်ကလေး။
ဒီလိုနဲ့ စက္ကန့်ရောင်စုံတွေဟာ ... ဆိုရင် ... ပေါ့။ ဆောင်းဟာ တစ်စုံတစ်ခုကို စောင့်စားနေရသလို တဲ့လား။ အဝါရောင်ပြီးရင် ဘာအရောင်တွေ လာမှာလဲ။ အတူရှိရခြင်း ပြီးရင်၊ ဒီ ညခင်းလေး ပြီးရင်၊ မြင်နေရတဲ့ လခြမ်းကွေးလေး ပြီးရင် ၊ ဆောင်းရာသီပြီးရင် ... ။ ကိုယ်တို့ သိဖို့ လိုလား။ ကိုယ်တို့ သိခွင့်ရှိလား။ ..................................။
ကိုယ်တို့ လက်ချောင်းချင်း ထွေးပိုက်ထားကြလေရဲ့ ။ ။

ခရီး

(၁)
ကျွန်တော် သူမကို ပန်းတစ်ပွင့် ပေးသည်။ အချို့က ကျွန်တော်သည် သူမ အား ပန်းတစ်ပွင့်ကို ပေးသည်ဟု ရေးမှသာ အမှန်ဖြစ်မည်ဟု ဝိုင်းဝန်းထောက်ပြကြ၏။ ဝေဖန်ကြ၏။ ပို၍ အရေးကြီးသည်မှာ ပန်းကလေး သူမ လက်ထဲရောက်ရန် ဖြစ်သည် ဟူသော အချက်ကိုဖြင့် ပြန်လည် မချေပ လိုတော့ပါ။ စံနှုန်းသတ်မှတ်ချက်များ ကွဲလွဲနိုင်၏။ တကယ်လည်း ကွဲလွဲကြ၏။ သို့သော် … ကျမ်းကိုးကျမ်းကားကို အခြေခံ၍ မိမိ ရှုထောင့်ကသာ မှန်ကန်ကြောင်း ပြောဆိုသံများကို ပန်းကလေးအား မကြားစေလိုပါ။ ဝေဖန်သံများကြား သိမ်ငယ်မိမည်ကို စိုးရိမ်ရကား ပန်းကလေးကို ဂျာကင်အင်္ကျီအတွင်းအိတ်ကပ်ထဲ သိုဝှက်ယူဆောင်လာခဲ့သည်မှာ ခရီးတလျှောက်လုံး နှစ်များအချိန်ကာလများ တလျှောက်လုံးပင် ဖြစ်ပါသည်။
(၂)
ကျွန်တော် သူမကို ပန်းတစ်ပွင့် ပေးသည်။ ပန်း၏ ဝတ်ဆံများ ပွင့်ဖတ်များသည် ယခု လောလောဆယ် ကျွန်တော် ငုံ့ကြည့်လျက် ရှိသော စမ်းချောင်းကလေး၏ စီးဆင်းနေသော ရေပြင်ပေါ် မီးရှူးမီးပန်းများ ဖွာကျလာသည့်အတိုင်း ပြန့်ကျဲ လှုပ်လဲ့သွားပါသည်။ ဤရေစီးကြောင်းသည် သူမထံ ရောက်ရှိသွားပါမည်လား။ မမြင်ရသော အရာများအပေါ် ယုံကြည်ခြင်းသည် ပို၍ ခိုင်မာသေချာသော ခံစားချက်ကို ပေးနိုင်သည့် အခါများလည်း ရှိပါလိမ့်မည်။ အနည်းဆုံး ကျွန်တော့်အတွက်တော့ ကျိန်းသေပေါက် ရှိပါသည်။ သူမထံ ရောက်ရှိသွားမည့် အချိန်တွင် ပန်းကလေးသည် တစုတစည်းတည်း ဖြစ်ကာ ပိုမို သစ်လွင်မွှေးပျံ့ နေပါလိမ့်မည်။ ကျွန်တော် … မျက်စိ မှိတ်ထားသည်။
(၃)
ကျွန်တော် သူမကို ပန်းတစ်ပွင့် ပေးသည်။ ပန်းပေးသည် ဆိုသည်မှာ အရှုံးပေးခြင်းဖြစ်သည်ဟု တစုံတယောက်က မကြားတကြား ပြောနေ၏။ အရှုံးပေးသည့်အခါ ကျွန်တော့်အရှုံးသည် သူမထံ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားမည်လေလား။ ထိုသို့ မဖြစ်တန်ရာကောင်းပါ။ စစ်တုရင်ကစားပွဲတွင် အဖြူဘုရင်ရုပ်သည် အနက်၏ အဆက်မပြတ် check လုပ်နေခြင်းများကို ရှောင်ရှားရင်းက checkmate မဖြစ်သွားရန် သတိထားနေရ၏။ လက်ခုပ်ကို ဖွဖွကလေး ဖြေလွှတ်ပေးသောအခါ ငှက်ပြာလေး တစ်ကောင် ပျံထွက်သွားသည်။ ကိုယ့်လက်ထဲတွင် တစုံတရာ ရှိနေခြင်းထက် မရှိနေခြင်းက ပို၍ များပြားသော အဓိပ္ပာယ်များကို ရည်ညွှန်းနိုင်သည်။ ရထားဥသြဆွဲသံကို ကြားရပြီ။
(၄)
ကျွန်တော် သူမကို ပန်းတစ်ပွင့် ပေးသည်။ ကျွန်တော် သူမကို ပန်းတစ်ပွင့် ပေးသည်။ ကျွန်တော် သူမကို ပန်းတစ်ပွင့် ပေးသည်။ ကျွန်တော် သူမကို ပန်းတစ်ပွင့် ပေးသည်။ကျွန်တော် သူမကို ပန်းတစ်ပွင့် ပေးသည်။ ကျွန်တော် သူမကို ပန်းတစ်ပွင့် ပေးသည်။ ကျွန်တော် သူမကို ပန်းတစ်ပွင့် ပေးသည်။ ကျွန်တော် သူမကို ပန်းတစ်ပွင့် ပေးသည်။ကျွန်တော် သူမကို ပန်းတစ်ပွင့် ပေးသည်။ ကျွန်တော် သူမကို ပန်းတစ်ပွင့် ပေးသည်။ ကျွန်တော် သူမကို ပန်းတစ်ပွင့် ပေးသည်။ ကျွန်တော် သူမကို ပန်းတစ်ပွင့် ပေးသည်။ကျွန်တော် သူမကို ပန်းတစ်ပွင့် ပေးသည်။ ကျွန်တော် သူမကို ပန်းတစ်ပွင့် ပေးသည်။ ကျွန်တော် သူမကို ပန်းတစ်ပွင့် ပေးသည်။ ကျွန်တော် သူမကို ပန်းတစ်ပွင့် ပေးသည်။ကျွန်တော် သူမကို ပန်းတစ်ပွင့် ပေးသည်။ ကျွန်တော် သူမကို ပန်းတစ်ပွင့် ပေးသည်။ ကျွန်တော် သူမကို ပန်းတစ်ပွင့် ပေးသည်။ ကျွန်တော် သူမကို ပန်းတစ်ပွင့် ပေးသည်။ ကျွန်တော် သူမကို ပန်းတစ်ပွင့် ဆက်ကာဆက်ကာ ပေးသည်။
(၅)
ကျွန်တော် သူမကို ပန်းတစ်ပွင့် ပေးသည်။ ပန်းသည် ကျွန်တော့်နေရာတွင် ကျန်ခဲ့ပြီး ကျွန်တော်ကိုယ်တိုင် သူမဆီ ရောက်သွားသည်ကို အံ့အားတသင့် မြင်တွေ့ရသည်။ ခရီးဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ စကားလုံးများကို send ခလုပ်နှိပ်ပြီး တဖက် ဖန်သားမျက်နှာပြင်ပေါ်တွင် ချက်ချင်းပေါ် မပေါ် တွေးတောနေရခြင်းလား။ ဒင်္ဂါးပြားတစ်ပြားကို ခေါင်းဖြစ်စေ ပန်းဖြစ်စေ တစ်ခုခု ကျရန် ရည်စူးစိတ်ညွတ်ကာ လေပေါ် မြှောက်တင်ပြီး ပြန်မကျလာမီ အချိန်အတွင်း ဖြစ်နေသော စိတ်အခြေအနေလား။ မျက်ရည်တစ်စက်နှင့် တစ်စက်ကြား အကွာအဝေးလား။ မည်သို့ပင်ဖြစ်စေ ကျွန်တော် ယခု သူမထံ စိတ်ရောကိုယ်ပါ ရောက်ရှိခဲ့ပြီ ဖြစ်ရာ ပန်းကလေးသည် တကယ်ရှိသော အရာတစ်ခုလား ကျွန်တော့်စိတ်ကူးသက်သက်ဖြင့် ပုံဖော်တွေးယူထားသော အရာတစ်ခုပေလားဟု ဝေခွဲဆုံးဖြတ်ရန် မလိုအပ်တော့ပါလေ။ ။

ဗိုလ်တထောင်ကမ်းနားမှာ

"တစ်ရာလောက် ရှိလား"
ထိုင်နေတုန်း ကလေးတစ်ယောက် လာတောင်းတယ်။ မပေးချင်တာနဲ့ ခေါင်းခါပြမိ။
"အကင်နည်းနည်းလောက် ကျွေးပါလား"
စားဖို့ ဝယ်ထားတဲ့ ကိုရီးယားအကင်တွေကို လက်ညှိုးထိုးပြပြန်တယ်။ သနားလာတာနဲ့ ဖော့ဘူးကို တစ်ခြမ်းခြမ်းပြီး အကင်နည်းနည်းခွဲကျွေးလိုက်တယ်။
ကလေးလေးက လူကြီးစပို့ရှပ် အနီကြီးတစ်ထည်ကို ဒူးခေါင်းလောက်ထိရောက်အောင် ဝတ်ထားတယ်။ နားထင်နားမှာလည်း သွေးတိတ်ထားတာ မကြာသေးတဲ့ ပုံနဲ့ အနာတစ်ခု။ (နောက်ပိုင်း သေချာကြည့်ကြည့်မယ် လုပ်တော့လည်း မပြ) ဖိနပ်လည်း စီးမထား။
မုန့်ယူပြီးတာနဲ့ တန်းမသွားဘူး။ ချာတိတ်က စမ်က ဂစ်တာထည့်ထားတဲ့ အိတ်ကြီးကို စပ်စုနေတယ်။
" ဒါ ဘာကြီးလဲ "
"ဂစ်တာလေ။ သီချင်းဆိုတဲ့ ဟာ"
"တီးပြပါလား"
"ဟင့်အင်း။ မုန့်စားဦးနော် သား။ ကျန်တဲ့ သူငယ်ချင်းတွေကို ဒီက မုန့်ပေးလိုက်တာ မပြောပြနဲ့ဦး " (ကလေးတွေ တပြုံကြီး လာတောင်းနေရင် ကိုယ်တွေစားဖို့လည်း ကျန်တော့မှာမှ မဟုတ်တာ။ ကျန်တဲ့ ကလေးတွေ အလှည့်ကျ မကျွေးနိုင်ရင်လည်း စိတ်မကောင်းစရာ)
ချာတိတ် မုန့်ယူပြီး ထွက်သွားတယ်။ စကားနားမထောင်ပါဘူး။ ခဏနေတော့ သူ့ထက် အသက်နည်းနည်းပဲ ပိုကြီးမယ့် ကလေးမလေးတစ်ယောက်နဲ့ တူတူ ပြန်လာတယ်။ ကောင်မလေးက ဆံပင်နှစ်ဖက်စည်းလို့ ။ မြင်တာနဲ့ ကျိုးထားတဲ့ သွားလေးတွေ ပေါ်အောင် ရယ်ပြတယ်။ ကောင်လေးလိုပဲ ဖိနပ်မပါ ခြေဗလာ။
"ဒါ သီချင်းဆိုတဲ့ ဟာကြီးလေ "
ကောင်လေးက ဂစ်တာအိတ်ကြီးကို ပုတ်၊ လူတတ်ကြီး ဂိုက်ဖမ်းပြီး ကောင်မလေးကို ခပ်တည်တည် ရှင်းပြတယ်။ ကောင်မလေး မျက်လုံးတွေ အရောင်လက်လာတယ်။
"မမ သီချင်းဆိုပြပါလား"
စမ်လည်း မနေနိုင်တော့။ ဂစ်တာကို ထုတ်လိုက်တယ်။ ကလေးနှစ်ယောက်က ကြိုးတွေကို အတင်းလက်နဲ့ ကိုင်ကြည့်၊ ပုတ်ကြည့်နေလို့ ဖြည်းဖြည်းကိုင်ဖို့ ပြောရတယ်။
"ရောင်စုံဘောလုံး သီချင်းရလား"
" ရောင်စုံဘောလုံး ရောင်စုံဘောလုံး တစ်လုံးငါးပြား ... တစ်လုံးငါးပြား ... ကြိုက်တဲ့အရောင် ရွေးပါ ... တစ်လုံးငါးပြား "
ကလေးနှစ်ယောက်က တညီတညာ ရွတ်ပြတယ်။
"ဟုတ်ပြီ .. အခု ဂစ်တာနဲ့ ဆိုမယ်။ မမ က တီးမယ်။ တူတူလိုက်ဆို "
ကလေးနှစ်ယောက်ဆိုရင်း ကိုယ်ကို လှုပ်ခါ၊ ပျော်ရွှင်နေကြတာ ။ သူတို့ကို ကြည့်ပြီး ကိုယ်ပါ အပျော်တွေကူးစက်။ ရောင်စုံဘောလုံး တွေ ... နောက်ထပ်။ တစ်ခေါက်ပြီး တစ်ခေါက် ... တစ်လုံးပြီး တစ်လုံး။
"ဟတ်ပီဘတ်ဒေး သီချင်းရလား " ဆိုတော့လည်း ရနေသေးလို့ တူတူ ဆိုကြပြန်တယ်။
(Jingle Bells သီချင်းကို သံစဉ်လောက်တော့ သိမယ်ထင်လို့ စာသားတွေ နေရာမှာ " ဒါဒါဒါ ဒါဒါဒါ ဒါဒါ့ ဒါဒါဒါ " စသဖြင့် သင်ကြည့်ဖို့ ကြိုးစားတယ်။ ဒါတော့ မအောင်မြင်)
စမ်က ကလေးတွေကို ဂစ်တာကြိုးလေးတွေကို လက်နဲ့ ဖြည်းဖြည်းချင်း ပုတ်ကြည့်ဖို့၊ တီးကြည့်ဖို့ ခွင့်ပေးတယ်။ ကိုယ်တိုင်လက်နဲ့ တီးပြီး အသံထွက်လာတာကို အတော် သဘောကျနေကြတဲ့ ပုံ။
ရောင်စုံဘောလုံးထပ်တီးတယ်။ ဟတ်ပီးဘတ်ဒေး ထပ်တီးတယ်။ ပြီးတော့ "အဖိုးကြီးအို ခါးကုန်းကုန်း ... "
ခဏနေတော့ ကလေးနှစ်ယောက်ကို ဓာတ်ပုံရိုက်ပေးတယ်။ ပို့စ်တွေ ပေးကြတာ ဟုတ်နေတာပဲ။ သူတို့ ဓာတ်ပုံတွေမှာ application နဲ့ ဦးထုပ်တွေ၊ မျက်မှန်တွေ၊ ဖဲပြားတွေ တပ်ပေးပြီး ပြတော့ ပျော်လိုက်ကြတဲ့ ဖြစ်ခြင်း။
အသက်နည်းနည်း ပိုကြီးတဲ့ ကလေးနှစ်ယောက် ထပ်ရောက်လာတယ်။ သူတို့လည်း ဓာတ်ပုံအရိုက်ခံချင်တယ် တဲ့။ လေးယောက်ပုံ စုရိုက်ပေးပြီး application နဲ့ ပြင်။
"သားကို ဒီ ဦးထုပ်လေး ဆောင်းပေးပါ " "သမီးက ဖဲပြားလေး တပ်မယ် " " သားကိုလည်း ဒီဦးထုပ်ပဲနော် " အသံ တစီစီ နဲ့ ။ ဓာတ်ပုံပြတဲ့ အခါ အဟုတ်ကြီး သဘောကျလို့။
နောက်ထပ်ရောက်လာတဲ့ ကလေး နှစ်ယောက်ကလည်း အကင်နည်းနည်းတောင်းကြပြန်တယ်။ အကင်မကျွေးရင်တောင် အချဉ်ရည်နဲ့ ပေးတဲ့ သခွားသီးလောက် ပေးပါ ဆိုတော့ ကိုယ်တွေလည်း မနေနိုင်တော့။ လက်ကျန်အကင်တွေကိုပဲ ကလေးတစ်ယောက်စီ လိုက် ခွံ့ ကျွေးဖြစ်တော့တယ်။ ။
(ကလေးတွေ ပြန်ခါနီး စမ့် ပါးကို တစ်ယောက်တစ်ချက်စီ နမ်းသွားကြတာကိုတော့ မနာလိုလို့ မပြောတော့ပု :3 :P )

Funny Memories

(၁)
" နဖူးက စာ ရွက်ကို မကြည့်နဲ့နော်"
" အင်းပါ .... စိတ်ချ"
" ဘာလဲ မှန်းကြည့်"
ကောင်မလေး တခစ်ခစ် ရယ်နေသည်ကို မြင်ရသော်လည်း ဘာကြောင့်မှန်း သူ မသိခဲ့။

(၂)
"  အကို ... ရေခဲမုန့် က တစ်ဝက်ပဲ ကျန်တော့လို့ပါ။ အဘူး ကြိုးစားပြီး ခပ် လာတာ "
" အင်း  ... ရပါတယ် ... အဘူးရယ် "

a few moment later
" ကိုယ် ရေခဲမုန့် သွားခပ်လိုက်ဦးမယ် "
" မသွားပါနဲ့ ...."
.......

(၃)
"ကိုက စမ့်ဘဝရဲ့ မီးအိမ်ကလေးပါပဲ"
"ငင့် … မီးအိမ်တဲ့ ။ ပိန်းထှာ။ ဟိုး လောင်းလောင်းအဂိုးက အသုံးအနှုန်းကြီး "
"ဟျောင့် … အေးဆေးနေစမ်း။ မီးအိမ် မဖြစ်ချင်ရင် ရေအိမ်လုပ်မလား "

ဗယ်လင်တိုင်းဒေး လက်ဆောင်

ကိုယ်ခန္ဓာသာမသေဘူးဆိုရင် ကြာမြင့်သောတစ်ချိန်ချိန်မှာ
ငါ့ကိုငါခလုတ်ပိတ် နိတ္ထိတံလိုက်မှာပဲထင်....

ငါးတွေပေါက်ကတည်းကရေစီးကြမ်းထဲကူးတတ်သလို
ဘာသီအိုရီမှမရှိ မင်းကိုအလိုလိုစွဲလမ်းမိ ဘာဆုတောင်းမှမပြည့်
ရတဲ့ကောင်းကင်ကြီးမှာ ရောင်စုံမျဉ်းကွေးလေး
ရေးေ၇းေ၀၀ါးနေတာကိုပဲ ငါ့ခန်ဓါကျုံ့ လာသမျှ သိပ်သည်းဆ

အဆတစ်ရာမြှောက်ပြီး အဆီဖုံးနေတဲ့အသည်းထဲ
အပေါက်လေးဖေါက်ဆွဲသွင်းတယ် ဆူညံလွန်းတဲ့အပြင်မှာ
အပ်တစ်ချောင်းဟာတည်တည်ငြိမ်ငြိမ်သေသေ၀ပ်ဝပ်

ရည်စူးမှုမှန်ခဲ့ရင်
စူးနစ်နက်ရှိုင်းပါစေသား......

အမြစ်ကနေတူးနှုတ်ပြီးမှမနီးမဝေးမှာရွက်နုသစ်လေးပြူနေတာ
နှောင်ကြိုးတွေဖြတ်တောက်ပြီးမှအတွင်းကနွယ်လေးနေနုအေးကိုထွက်ရှာတာ

အို...တစ်ကိုယ်လုံးပျားတွေစွဲလို့ ပျားအုံကိုယ်ကြီးဖြစ်နေတာ
ဝတ်ရည်စုပ်ငှက်ရဲ့ နှုတ်သီးသေးသေးချွန်လေးအတွက်
နှလုံးသားကိုပွနိုင်သမျှပွယောင်းခိုင်းလိုက်တယ်

ယုံကြည်သူလိုဒီတစ်သက်ဟာ
မယုံကြည်သူလိုအိပ်မက်ပမာသာနှိုင်းလာလျှင်လည်း.....

စွဲလမ်းရသူ သူရယ်လေ (ချစ်သောသူရယ်လေ)
နောက်တစ်သက်မှာ မင်းပါထုံကူးခဲ့ပါလေ

ရှေ့လျှောက်ဆက်ပြီးပျော်တော်ဖျက်လို့ ဟန်ချက်ပျက်ငါဘုံးဘုံးလဲခဲ့ရင်
ပွက်ပွက်ဆူရေဟာ အငွေ့ ဘ၀မကူးခင်

ရေအလျှင်ကိုသမင်လည်ပြန်မကြည့် ပဲ
အဲဒီငါကို အခြားသံသရာထဲ ပို့ လိုက်မှာပဲခင်....
ဒီဘက်သံသရာမှာ သံသယကို နောင်ဘဝ
သယံဇာတအဖြစ်မီးခြစ်ပြီး
သူ့ ကိုသူလည်းလောင်ကျွမ်း မင်းထံလည်းအလင်းပေးလို့ 
မင်းဆီဟုန်းကနဲခုန်ကူးစက်မယ်ဘ၀တစ်ခုမှာ
ဘ၀ကြွင်းမကျန်အောင်တူစုံလောင်ကျွမ်းရစေသား....

ငြိမ်းသွားရင်တောင်မီးကြွင်းလေးထဲ
တူတူပုံးတမ်းကစားရင်း 'အခါတပါးက' ပေါ့ကွယ်
ချစ်ကြည်နူးနေကြတဲ့နှလုံးသားစုံတွဲတွေ့ ရမယ် ။ ။

ဇေယျာလင်း
8 Feb. '14