Wednesday, July 20, 2016

မင်းရဲ့ လက်

မင်းရဲ့လက်တစ်ဘက်ကို
ငါ့ကိုယ်ပေါ်တင်ပြီး
မင်းအေးအေးချမ်းချမ်း
အိပ်ပျော်သွားတော့တယ်
အဲ့ဒါကြောင့်ပဲ
ငါ့မှာအိပ်လို့မရဘူး

မင်းလက်ရဲ့ပေါ့ပါးမှုဟာ
တဖြည်းဖြည်းခဲသားလို
လေးလံလာတာ့တယ်
ညဟာအရှည်ကြီးပဲ
မင်းဟာနေရာမရွေ့ဘူး
ဒီလက်ဟာချစ်ခြင်းမေတ္တာရဲ့
သင်္ကေတဖြစ်သင့်တာပေါ့
အခြားပိုနက်ရှိုင်းတဲ့
အဓိပ္ပါယ်လည်းရှိကောင်းရှိလိမ့်မယ်
ဒီလက်ကိုငါမဖယ်ရှားရဲဘူး
မင်းနိုးလာမှာလည်းငါစိုးတယ်
ကျင့်သားရပြီး
ကြိုက်လည်းကြိုက်သွားတဲ့အခါ
အိပ်မက်တွေထဲမှာ
ရုတ်တရက်မင်းလက်မင်း
ပြန်ရုတ်လိုက်တယ်
ဒါတွေအားလုံးကို
မင်းလုံးလုံးမှမသိ။
YourHand - Han Dong
(ဇေယျာလင်း - ဘာသာပြန်)

No comments:

Post a Comment